Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

ဂျပန်စီးပွားရေးအဖွဲ့နှင့်တွေ့ဆုံခဲ့

ဂျပန်နိုင်ငံ Mitsubishi Corporation ၏ Okinawa Distillery Coorperative Association မှ Mr.Tsutomu နှင့် Okinawa Distillers Association မှ Mr.Yusho Tamanaha တို့ ဦးဆောင်သော အဖွဲ့ဝင်(၂၀)ဦး တို့သည် မြန်မာနိုင်ငံဆန်စပါ်းအသင်းချုပ်(MRF) ဥက္ကဌ ဦးချစ်ခိုင် ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၂၁)ဦးနှင့် ၂၇.၈.၂၀၁၃ရက်နေ့ နေ့လည် (၂း၀၀)နာရီတွင် မြန်မာနိုင်ငံဆန်စပါး အသင်းရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပါသည်။ ထိုသို့တွေ့ဆုံရာတွင် Okinawa Distillery Coorperative အနေဖြင့် ဂျပန်နိုင်ငံ Okinawa မြို့တွင် အရက်ထုတ်လုပ်သည့်လုပ်ငန်းကိုလုပ်ကိုင်နေသော Company တစ်ခုဖြစ်ပြီး အဆိုပါအရက်ထုတ်လုပ်ရန် ထိုင်းနိုင်ငံမှဆန်စပါး ကိုဝယ်ယူခြင်းဖြစ် ပါကြောင်းနှင့် ယခုအရက်အသစ်တစ်မျိုးထုတ်လုပ်ရန် အတွက် မြန်မာနိုင်ငံ သို့ကုန်ကြမ်းလာရှာခြင်းဖြစ်ပါကြောင်း၊ နောင်အနာဂတ်အတွက်ဖြစ်နိုင်ခြေရှိမဲ့ မြန်မာ့ဆန်နှင့် အရက်ချက်ဖို့ရန်အတွက် လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါကြောင်း Mr.Tsutomu Oshiro မှရှင်းလင်းပြောပြပါသည်။ ထိုနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌဦးချစ်ခိုင်မှ ဆွေးနွေးရာတွင် ယခုကဲ့သို့လာရောက်တွေ့ဆုံခြင်းအတွက် ၀မ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုအနေအထား အရ ဆန်စပါးအမျိုးမျိုးကို စိုက်ပျိုးလို့ရနိုင်ပါကြောင်းနှင့် လိုချင်သော ဆန်အမျိုးအစားနှင့်အရည်အသွေးကို ပံ့ပိုးပေးနိုင်ပါကြောင်း ဆွေးနွေးရင်း အစည်းအဝေးကို နေ့လည် (၃း၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.