Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

အသေးစားဘဏ္ဍာငွေကြေး ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာရှင်းလင်းတင်ပြဆွေးနွေးပွဲအစီအစဉ် အခမ်းအနားအား ကျင်းပခဲ့

(၂၄.၈.၂၀၁၃)ရက်နေ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အစည်းအဝေး ခန်းမတွင် နေ့လည်(၂)နာရီမှစတင်ကျင်းပသော အသေးစားဘဏ္ဍာငွေကြေး ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာရှင်းလင်းတင်ပြဆွေးနွေးပွဲအစီအစဉ် အခမ်းအနားကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် များ၊ ဆန်စပါးအထူးပြု ကုမ္ပဏီများမှ တက်ရောက်သူများ၊ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ Myanmar Egress မှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ တို့ တက်ရောက်ခဲ့ကြပါသည်။ ထိုပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ အသေးစား ဘဏ္ဍာငွေကြေး ၀န်ဆောင်မှုလုပ်ငန်း(microfinance)ဆိုင်ရာ ၂၀၁၁-၂၀၁၂ ခုနှစ် တွင် ပြဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ကိုင်ပုံနည်းစနစ် များကို လည်းကောင်း၊ Myanmar Egress မှ တာဝန်ရှိသူတစ်ဦးမှ MDP ရောင်နီသစ်ဖွံဖြိုးရေး၊ ငွေစုငွေချေးစီမံကိန်းနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာ သူများမှ လည်း မေးခွန်းများမေးမြန်းခြင်းနှင့်ပြန် လည်ဖြေကြားခြင်းတို့ ပြုလုပ်ပြီး ညနေ(၅)နာရီတွင် အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.