Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

Legistration

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

သင်းဖွဲ့မှတ်တမ်း

နိဒါန်း

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော နိုင်ငံဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်  ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ကြိတ်ခွဲရောင်းချသည့် ဆန်စပါးစီးပွားရေးလုပ်ငန်းများ သည် တိုင်းပြည်လူဦးရေ၏ အများစုနှင့် ဆက်နွယ်ပတ်သက်နေပါသည်။ ဆန်စပါးစီးပွားရေး လုပ်ငန်းများတွင် လုပ်ငန်းအလိုက် ပုဂ္ဂလိက အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိရာ အဆိုပါ အသင်းအဖွဲ့များ၏ လုပ်ဆောင်မှုများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရန်နှင့် ဦးဆောင်လမ်းညွှန်မှုပြုနိုင်ရန်၊ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များ အချင်းချင်း အချိတ်အဆက်မိစွာဖြင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာဖြင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ အများစုဆန္ဒနှင့် အညီဆုံးဖြတ်ခြင်း၊ အနည်းစု၏ ဆန္ဒကို လေးစားခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှရှိခြင်း စသော ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာကျင့်သုံးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် ပါဝင်သော  အသင်းအဖွဲ့များ၊ စိုက်ပျိုးသူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူအားလုံးကို ဦးဆောင်လမ်းညွှန်မှုပြုနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (Myanmar Rice Federation) ကို ဖွဲ့စည်းတည်ထောင်ပါသည်။

Read more

English
 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.