Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

MRF Leadership Program ဆောင်ရွက်ရန် ကိစ္စ

၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဆန်စပါးဆိုင်ရာအသင်းများနှင့် ညီနောင်အသင်းဝင် များ၏ မိသားစုဝင်များအနက်မှ ပညာအရည်အချင်းထူးချွန်သော် လည်း ငွေကြေးမပြေလည် မှုကြောင့် ပညာဆက်လက်ဆည်းပူးရန် အခက်အခဲရှိနေသူများအတွက် ကူညီထောက်ပံ့ပေး ရန် ရည်ရွယ်ပြီး MRF Leadership Program ကိုဆောင်ရွက်ရန် ပြင်ဆင်လျှက်ရှိပါသည်။
၂။ MRF Leadership Program တွင် ပညာရေးဆက်လက်ဆည်းပူးရန် အခက်အခဲရှိ သည့် ကျောင်းသား/ကျောင်းသူများကို တင်ပြလျှောက်ထားလာသည့် လျှောက်လွှာများ အနက် မှ ရွေးချယ်ရေးကော်မတီမှ စိစစ်အတည်ပြုသော ကျောင်းသား/ကျောင်းသူများ ကို ရွေးချယ်ပြီး လစဉ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါထောက်ပံ့ငွေကို လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌနှင့် လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ၊ စေတနာ ရှင်များ ၏ထောက်ပံ့ငွေ များဖြင့် မတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ MRF Leadership Program ၏ Application Form၊ ရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များကို သိရှိနိုင်ရန်အတွက် photo ကဏ္ဍတွင် ဖော်ပြပေးထားပါသည်။ သို့ဖြစ်ပါ၍ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ဖတ်ရှုပြီး application form တွင် ဖြည့်စွက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ (၈)လွှာ, UMFCCI Office Tower လမ်းမတော်မြို့နယ်သို့ ပေးပို့လျှောက်ထားကြရမည်ဖြစ်ပါသည်။

 

 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.