MYANMAR RICE FEDERATION(MRF)

Objectives

ရည်ရွယ်ချက်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို ဆန်စပါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် အထောက်အကူပြုရန်။

(၂) အသင်းချုပ်သည် ဆန်စပါးဆိုင်ရာအသင်းများကို ဦးဆောင်ပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးလုပ်ငန်း ကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်။

(၃) အသင်းချုပ်သည် ဆန်စပါးဆိုင်ရာ အသင်းများ အကြားတွင် ညီညွတ်မှု၊ စည်းလုံးမှု၊ စာနာ နားလည်မှု၊တိုင်ပင်ညှိနှိုင်းမှု နှင့် ပူးပေါင်းဆောင်ရွက်မှု အလေ့အထကောင်းများကို စုပေါင်း  ဦးဆောင်မှု စနစ်ဖြင့် ဖော်ဆောင်ရန်။

(၄) ဆန်စပါးဆိုင်ရာအသင်းအဖွဲ့များ၏ လုပ်ငန်းရည်ရွယ်ချက်များကို အောင်မြင်အထ မြောက်ရန်အတွက် ပံ့ပိုးကူညီပေးရန်။

(၅) အသင်းချုပ်သည် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးကို လွတ်လပ်စွာ တီထွင်ကြံဆမှု၊ တရားမျှတမှု၊သာတူညီမျှမှု တို့ကို အခြေခံ၍ ဒီမိုကရေစီနည်းလမ်းများဖြင့် ဖော်ဆောင်ရန်။

(၆) အသင်းချုပ်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတည်ရှိသော လွှတ်တော်အသီးသီးနှင့် ရေးရာကော်မတီများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာအဖွဲ့အစည်းများ၊   ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။

(၇) အသင်းချုပ်သည်နိုင်ငံတော်နှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများ အကြားပေါင်းကူးသဖွယ် ဆောင်ရွက်ရန်။

(၈) အသင်းချုပ်သည် ဆန်စပါးကဏ္ဍနှင့် သက်ဆိုင်သော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့် နည်းပညာစုဆောင်း ဖြန့်ဝေရေး လုပ်ငန်းများကို ဆောင်ရွက်ရန်။

(၉) အသင်းချုပ်သည် ဆန်စပါးဆိုင်ရာ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်  ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ သုံးသပ်အကြံပြုတင်ပြရန်။

(၁ဝ) အသင်းချုပ်သည် အသင်းဝင်များ၊ အသင်းများအကြား အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်းပေးရန်။

Powered by Drupal