Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

Become a Member

အသင်းဝင်ဦးရေ
၁။    အသင်းချုပ်တွင်အသင်းဝင်ဦးရေ ကန့်သတ်ချက်မရှိစေရ။ စနစ်တကျ ရွေးချယ်တင်မြောက်ထားသော ဆန်စပါးလုပ်ငန်းဆိုင်ရာအသင်းများသည် အရေအတွက် ကန့်သတ်ချက်မရှိစေဘဲ ဖွဲ့စည်းနိုင်ပြီး အသင်းချုပ်တွင် အသင်းဝင်ဖြစ်နိုင်သည်။ သို့ရာတွင် လုပ်ငန်းတူ၊ အမျိုးအစား တူသောအသင်းသည် နိုင်ငံတော်အဆင့်တွင် တစ်သင်းသာဖွဲ့စည်းနိုင်ပြီး၊ အသင်းချုပ်အဖွဲ့ဝင်အဖြစ် မူလတည်ရှိသော အသင်းကိုသာအသိအမှတ်ပြုရမည်။

အသင်းဝင်ခြင်း၊ အသင်းဝင်အမျိုးအစား၊ အရည်အချင်းသတ်မှတ်ချက်နှင့် အကျိုးခံစားခွင့်များ
၂။    အသင်းချုပ်တွင် ဒကဒ အဆင့် အသင်းဝင်နှင့် ဒခဒ အဆင့် အသင်းဝင်ဟူ၍ သတ်မှတ်ထားရှိသည်။ အသင်းချုပ်တွင် အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးများပေးသွင်းပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှလက်ခံအတည်ပြုသော အသင်းဝင်များသည် ဒကဒ အဆင့် အသင်းဝင်ဖြစ်သည်။ ဆန်စပါးဆိုင်ရာအသင်းများမှ အသင်းဝင်များသည် အသင်းချုပ်တွင် ဒခဒ အဆင့် အသင်းဝင်များဖြစ်သည်။ အသင်းချုပ်၏အဖွဲ့အစည်းများ၊ ကော်မတီများတွင် ဒကဒ အဆင့် အသင်းဝင်များသည် မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရှိပြီး၊  ဒခဒ အဆင့် အသင်းဝင်များသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်သတ်မှတ်ပေးမှုဖြင့် လိုအပ်ပါက မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အသင်းဝင်အဖြစ်အသိအမှတ်ပြုခြင်းနှင့် ငြင်းပယ်ခြင်း
၃။    အသင်းချုပ်တွင်အသင်းဝင်လိုသူသည် အသင်းချုပ်ကပြဌာန်းထားသော အဆိုပြုလွှာပုံစံပေါ်တွင် ဝန်ခံလက်မှတ်ရေးထိုး၍ လျှောက်ထားရမည်။  အသင်းဝင်အဖြစ် လက်ခံသင့်/မသင့်ကို အသင်းသားရေးရာ ကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့မှဆုံးဖြတ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုရန်ဖြစ်သည်။ အသင်းချုပ်သည် သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိသော အသင်းဝင်လျှောက်လွှာ များကို  ငြင်းပယ်နိုင်သည်။  

ငြင်းပယ်ခံရသော အသင်းဝင်အဆိုပြုလွှာ
၎။    အသင်းချုပ်သို့ဝင်ရန်အဆိုပြုထားသူသည် အသင်းချုပ်သို့ဝင်ခွင့်မရရှိဘဲငြင်းပယ်ခံရပါက အသင်းဝင်ခွင့် ရရန်အတွက် အသင်းချုပ်တွင် ဒကဒ အဆင့် အသင်းဝင်ထားသူ (၅) ဦး၏ ထောက်ခံချက်ဖြင့် ပြန်လည်လျှောက်ထား နိုင်ခွင့်ရှိသည်။

အသင်းဝင်အဖြစ်မှနှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း၊ အယူခံခြင်း
၅။    အသင်းချုပ်တွင်အသင်းဝင်ထားသူသည် မိမိ၏လွတ်လပ်သောဆန္ဒသဘောထားနှင့်အညီ အသင်းဝင်အဖြစ်မှ နှုတ်ထွက်နိုင်သည်။ အသင်းသားတစ်ဦးဦးသည် နောက်ဆက်တွဲ (  ) ပါ အချက်များအနက်မှ တစ်ခုခုအား ဖောက်ဖျက်လျင်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အသင်းသားအဖြစ် ဆက်လက်ထားရှိနေခြင်းကို မလိုလားအပ်ဟု ယူဆလျှင်ဖြစ်စေ ယင်းအသင်းသားအား အသင်းချုပ်၏ အသင်းဝင်အဖြစ်မှ ရပ်စဲရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်နိုင်သည်။ ထိုဆုံးဖြတ်ချက်ကို အထွေထွေ ညီလာခံတွင်  အတည်ပြုချက် ရယူရမည်။ အရေးယူခံရသော အသင်းသားသည် အယူခံခွင့်ရှိစေရမည်။

ဝင်ကြေးနှင့်နှစ်စဉ်ကြေး
၆။    ဝင်ကြေးနှင့်နှစ်စဉ်ကြေးများမှာ အောက်ပါအတိုင်းဖြစ်သည်။

စဉ် အသင်းဝင်အမျိုးအစား ဝင်ကြေး (ကျပ်) နှစ်စဉ်ကြေး(ကျပ်)
၁။ “က” အဆင့် အသင်းဝင် (လူပုဂ္ဂိုလ်)     ၅,ဝဝဝိ/-

  ၁၀,ဝဝဝိ/-

၂။  “က” အဆင့် အသင်းဝင် (ပြည်တွင်းကုမ္ပဏီ/အဖွဲ့အစည်း)   ၁ဝဝ,ဝဝဝိ/-    

  ၂ဝ,ဝဝဝိ/-

၃။ “က” အဆင့် အသင်းဝင် (နိုင်ငံခြား/ဖက်စပ်ကုမ္ပဏီ)     US$ 500

   US$ 200

       

ရာသက်ပန်အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း
၇။    ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်အတည်ပြုချက်နှင့်အညီ အသင်းဝင်တစ်ဦးဦးအား ရာသက်ပန်
အသင်းဝင်အဖြစ် အသိအမှတ်ပြုနိုင်သည်။

ဂုဏ်ထူးဆောင်အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း
၈။    ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ဆုံးဖြတ်အတည်ပြုချက်နှင့်အညီ အသင်းဝင်များအနက်မှဖြစ်စေ၊ အသင်းဝင်
မဟုတ်သူတစ်ဦးကိုဖြစ်စေ ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်ထိုက်သော အရည်အချင်းများနှင့်ပြည့်စုံသည်ဟု ယူဆပါက
ဂုဏ်ထူးဆောင်အသင်းဝင်အဖြစ် အသိအမှတ်ပြုနိုင်သည်။

အသင်းဝင်ခွင့်လျှောက်လွှာပုံစံ Download JPG

အသင်းဝင်လက်မှတ်ပုံစံ Download JPG

Burmese
 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.