မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများ ဖွဲ့စည်းရေးဆောင်ရွက်ခြင်း

post-by: 
Admin

၁။     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တောင်သူလယ်သမားများနှင့် ဆန်စပါးကဏ္ဍတစ်ရပ်လုံးတွင် ချိတ်ဆက်ဆောင်ရွက်နေသည့် ထုတ်လုပ်ရေး ကဏ္ဍ၊ ကြိတ်ခွဲရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍတို့အား ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများကို ခရိုင်အလိုက် အခြေခံ၍စတင် ဖွဲ့စည်းလျက်ရှိပါသည်။

၂။     ယင်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်တို့ပါဝင်သော ဧရာဝတီတိုင်းဒေသကြီး၊ ဒေသကော်မတီ(၄)အား (၂၄.၁၀.၂၀၁၉)ရက်နေ့တွင်လည်းကောင်း၊ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်တို့ ပါဝင်သော ဧရာဝတီတိုင်းဒေသကြီး၊ ဒေသကော်မတီ (၅)အား (၂၅.၁၀.၂၀၁၉)ရက်နေ့ တွင်လည်းကောင်း၊ အသင်းချုပ်မှ ဒုတိယဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် အများဆန္ဒနှင့် အညီ ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။

Powered by Drupal