မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)မှကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေ

post-by: 
Admin

၁။ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) မှ Strategy Adviser; Mr. Charles Roberge ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၄)ဦးတို့သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် (၃၁.၁၀.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
၂။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအာယု၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ ဦးသောင်းတိုက်စိုး၊ ဦးကျော်ကျော်မိုး နှင့် အကြံပေးပုဂ္ဂိုလ်များဖြစ်သည့် ဦးခင်စိုး၊ ဦးလွင်ဦးတို့ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
၃။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ဖွဲ့စည်းပုံအရ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ကြိတ်ခွဲခြင်း လုပ်ငန်း၊ ကုန်သွယ်ရောင်းဝယ်ခြင်းလုပ်ငန်း စသည့် ဆန်စပါးကဏ္ဍ အသီးသီးမှ အသင်းအဖွဲ့/ ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သဖြင့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များစွာထဲမှ အရေးကြီးသော ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို (National Export Strategy- NES) တွင် ဖော်ပြထားရှိပါကြောင်း၊ အလားတူ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှော ဖလှယ်ဆွေးနွေးပွဲ-၂၀၁၈ မှ ဆွေးနွေးအကြံပြုချက် (၆၄)ချက်ကိုလည်း ဖော်ထုတ်ရရှိခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအပေါ် (ITC) အနေဖြင့် လေ့လာလျက် သင့်လျော်သည့် လုပ်ငန်းစဉ်များတွင် နိုင်ငံတကာအကူအညီအဖြစ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ ကြပါသည်။

Powered by Drupal