Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF), Thai Rice Exporters Association (TREA) and Vietnam Food Association (VFA) တို့ပူးပေါင်း၍ Regional Rice Dialogue အစည်းအဝေးကျင်းပ

၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF), Thai Rice Exporters Association (TREA) and Vietnam Food Association (VFA) တို့ပူးပေါင်း၍ Regional Rice Dialogue ကို Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒု ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ Thai Rice Exporter Association မှ President Ms Korbsook Iamsuri နှင့် အဖွဲ့ဝင်များ၊ Vietnam Food Association မှ President Mr. Truong Thanh Phong နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များတတ်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်၊ Thai Rice Exporter Association မှ President Ms Korbsook Iamsuri နှင့် Vietnam Food Association မှ President Mr. Truong Thanh Phong တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားပြီးနောက် ဆွေးနွေးပွဲကို စတင်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်မှ Myanmar Rice Industry ကို လည်းကောင်း၊ Thai Rice Exporter Association မှ Vice President Mr. Sermask Kuansongtham မှ Thailand Rice Industry ကိုလည်းကောင်း၊ Vietnam Food Association (VFA) Secretary General Mr. Huynh Minh Hue မှ Vietnam Rice Industry ကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ဦးတင်ထွဋ်ဦး၊ မလေးရှားမှ Dr. Larry Chee-Yong Wong နှင့် ဂျပန်မှ Dr. Ikuko Okamoto တို့မှ Moderators များအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာ၊ထိုင်းနှင့် ဗီယက်နမ် သုံးနိုင်ငံ၏ ဆန်စပါးဈေးကွက်အခြေအနေများ၊ ၂၀၁၃ ခုနှစ် အတွက် ပြည်ပဆန်တင်ပို့ရန် ခန့်မှန်းချက်များ၊ အာဆီယံ ဈေးကွက် စီးပွားရေး အတွက်ပြင်ဆင်မှုများ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် သုံးနိုင်ငံ ကုန်သွယ်မှုများကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ယင်းနောက် ပြည်ပဆန်တင်ပို့ရန် အရည်အသွေးကောင်းမွန်၍ အထွက်တိုးစေသော မျိုးကောင်းမျိုးသန့်စပါးများကို ထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူလယ်သမားများအတွက်သာမက ပြည်ပသို့ ဆန်တင်ပို့ခြင်းကို များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများကို တောင်သူလယ်သမားများအား ဖြည့်ဆည်းပေးခြင်းဖြင့် ဆန်စပါးတိုးမြှင့်ထုတ်လုပ်နိုင်ကြောင်း၊ အရန်ဆန်ထားရှိရန်စီမံချက်သည် ပြည်တွင်း ဆန်စပါး ဈေးတည်ငြိမ်မှုနှင့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးသွားသော စပါးများအားအစားထိုးနိုင်ရန်နှင့် ဒေသဆိုင်ရာ ဆန်စပါးမူဝါဒများအပေါ် အားနည်းချက်၊ အားသာချက်များ သုံးသပ်ဆွေးနွေးခြင်း၊ ပြည်တွင်းဆန်ဖူလုံရေးအတွက် အထောက်အကူဖြစ်စေကြောင်း စသည်တို့တင်ပြဆွေးနွေးခဲ့ပါသည်။

 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.