News
၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တောင်သူလယ်သမားများနှင့် ဆန်စပါးကဏ္ဍတစ်ရပ်လုံးတွင် ချိတ်ဆက်ဆောင်ရွက်နေသည့် ထုတ်လုပ်ရေး ကဏ္ဍ၊ ကြိတ်ခွဲရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍတို့အား ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများကို ခရိုင်အလိုက် အခြေခံ၍စတင် ဖွဲ့စည်းလျက်ရှိပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် Welthungerhilfe – WHH အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် Rice Seed Sector Development Project အစီအစဉ်အရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အောက်ဖော်ပြပါ စာတမ်း (၂)စောင်အား လေ့လာပြုစုခဲ့ပါသည်။ အဆိုပါ စာတမ်းများအား အောက်ပါ linkများတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်းနှင့် အကြံပြုချက်များ ပေးနိုင်ပါရန် လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ စပါးသီးနှံအတွက် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်းစပါး စျေးနှုန်းအဖြစ် စပါးတင်း(၁၀၀)လျှင် ကျပ်ငွေ(၅)သိန်းနှုန်း သတ်မှတ်ထုတ်ပြန်ကြေညာလိုက်ကြောင်း သတင်းရရှိပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း လျက် “မြန်မာ့ပေါ်ဆန်းမွှေး၏ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ် အလားအလာ ဆွေးနွေးပွဲ” အား ၂၀၁၈ခုနှစ် ဇွန်လ (၁၄)ရက် နှင့် (၁၅)ရက်နေ့တို့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် Welthungerhilfe - WHH အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် Rice Seed Sector Development Project အစီအစဉ်အရ "စပါးအထွက်တိုး နည်းပညာ အခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံ နည်းလမ်း" Seed Manual Guide Book အား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ယူမှုဖြင့် ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်အား ဤနေရာတွင် Download ရယူနိုင်ပါသည်။