News
မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ တိုင်းဒေသကြီး /ပြည်နယ်အသင်းခွဲများ၊ ကုန်စည်ဒိုင်များနှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများမှ စုပေါင်းလှူဒါန်းသည့် ဆန်အိတ်(၂၂၅၀)၊ ငွေကျပ်သိန်း(၂၀ဝ)နှင့် ဓာတ်မြေသြဇာ(၃၇၀)အိတ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားအား ယနေ့ (၁၂.၈.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
_0.jpg?itok=WkUZY-ep)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
သတင်းထုတ်ပြန်ကြေညာချက် (ဝ၄/၂၀၁၉)
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉) ရက်
“တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၊ ဆန်စက်များအား စိစစ်ရွေးချယ်မှု လုပ်ငန်းအခြေအနေ”

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်သည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့်အတူ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ (၁၈.၅.၂၀၁၉) ရက်နေ့မှ (၂၃.၅.၂၀၁၉) ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။
နွေစပါးပေါ်ချိန် ဈေးနှုန်း ကျဆင်းနေမှုနှင့် ပတ်သက်ပြီးထုတ်ပြန်ခြင်း ရက်စွဲ ။ ။၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်။ ၁။ ၂၀၁၉ ခုနှစ်၊ နွေစပါးပေါ်ချိန်တွင် စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်း ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သော ကိစ္စများကို လုပ်ဆောင်လျက်ရှိပါသည်။ ကွင်းဆင်းဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံ အခက်အခဲ၊ အစိုဓါတ်ရှိသည့်စပါးများအား အခြောက်ခံရန်အခက်အခဲ၊ သယ်ပို့ယာဉ် အခက်အခဲ များရှိ၍ လုပ်ငန်းတွင်ကျယ်မှု အားနည်းရခြင်းဖြစ်ပါ