ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများအတွက် သင်တန်းသားခေါ်ယူခြင်း

post-by: 
Admin

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာ သင်တန်းများကို စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း တွင် Fully-funded Internship Training ပုံစံဖြင့် အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပါသည် - 

(၁) သင်တန်းအမည်

       (က) Level-1 (Certificate in Rice Processing Technology)

        ()  Level -2 (Higher Certificate in Rice Processing Technology)

 

(၂) သင်တန်းဝင်ခွင့် 

GTHS, GTI သင်ကြားတက်ရောက်ခဲ့သူများ၊ စက်မှု/လျှပ်စစ်အင်ဂျင်နီယာပညာ သင်ကြားခဲ့သူများ၊  GTHS နှင့် AGTI ဘွဲ့ရများ၊ ဆန်စက်များ နှင့် ကုန်ထုတ်စက်ရုံများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူများအား ဝင်ခွင့်အရည်အချင်း စစ်ဆေးသည့်စနစ် (Entry Interview) ဖြင့် သင်တန်းသား/သူများကို ရွေးချယ် လက်ခံမည်ဖြစ်ပါသည်။ 

 

(၃) သင်တန်းကာလ နှင့် သင်တန်းကြေး 

Certificate (Level 1) အတွက် (၃) လ နှင့် Higher Certificate (Level 2) သင်တန်း အတွက် (၄) လ ဖြစ်ပါသည်၊ သင်တန်းပြီးဆုံးပါက ဆန်စက်များတွင် အလုပ်အကိုင်ရရှိနိုင်မည့် Fully funded Internship Training ဖြစ်၍ သင်တန်းကြေး အခမဲ့ ဖြစ်ပြီး၊ သင်တန်းကာလတွင် နေထိုင်စားသောက်စရိတ်ငြိမ်း ဖြစ်ပါသည်။ 

 

(၄) သင်ကြားမှုပုံစံ နှင့်အသိအမှတ်ပြုလက်မှတ်

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းတွင် စာတွေ့သင်ကြားမှု၊ ဆန်စက်များ နှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ စက်ရုံများတွင် လက်တွေ့သင်ကြားမှုဖြင့် သင်ကြားပို့ချမည်ဖြစ်ပါသည်။ သင်တန်း အား ရုံးဖွင့်ရက်များ၊ အလုပ်ဖွင့်ရက်များတွင် ရုံးချိန်/အလုပ်ချိန်အတွင်း သတ်မှတ်ထားသည့် သင်တန်း အချိန်များ၊ လက်တွေ့ ပါဝင်လုပ်ဆောင်မှုများ တွင် အချိန်ပြည့် ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက သင်တန်းအလိုက် အသိအမှတ်ပြု Certificate နှင့် Higher Certificate တို့ကို စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့မှ ထုတ်ပေးမည် ဖြစ်ပါသည်။ 

 

(၅) လျှောက်ထားရမည့်အစီအစဉ် 

လျှောက်ထားလိုသူသည် (၂၂-၉-၂၀၂၅) ရက်မှ (၁၀-၁၀-၂၀၂၅) ရက်အတွင်း အောက်ပါအချက်အလက်များအား ပူးတွဲတင်ပြလျှောက်ထားရမည်- 

(က)     ဖြည့်စွက်ထားသည့်လျှောက်လွှာပုံစံ

           (လျှောက်လွှာပုံစံကို ဤနေရာတွင် Download ရယူနိုင်ပါသည်)

(ခ)       နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ နေထိုင်ကြောင်းထောက်ခံစာ (မူရင်း)၊ သက်ဆိုင်ရာ နယ်မြေရဲစခန်း၏              ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (မူရင်း)

(ဂ)       ပညာသင်ယူမှုအထောက်အထားစာရွက်စာတမ်းများ (မိတ္တူများ)

(ဃ)     လက်ရှိ ကုမ္ပဏီ/စက်ရုံ/ဆန်စက် ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင်၏ ထောက်ခံစာ (မူရင်း) 

 

စုံစမ်းရန်

သင်တန်းများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက်ပါအတိုင်း စုံစမ်းမေးမြန်းနိုင်ပါသည်-

 (က)    စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) 

            နတ်မောက်လမ်းသွယ် - ၁၊ ဗိုလ်ချို-၂၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

            ဖုန်း -  ၀၉ ၂၆၈၂၃၇၅၅၂

  (ခ)     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)

           အခန်း (၉၀၁-၉၀၃)၊ (UMFCCI Tower)  အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

           ဖုန်း - ၀၁ ၂၁၈၂၆၆ - ၆၈ ၊ ၀၁ ၂၃၀၁၁၂၈ - ၂၉

 

Powered by Drupal