ရေ​ဘေးသင့် ပြည်​သူများအတွက်​ လှူဒါန်းခြင်း

post-by: 
Admin

     မွန်​ပြည်​နယ်​ရှိ ​ရေ​ဘေးသင့်ပြည်​သူများအတွက်​ မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​၏ ဦး​ဆောင်​မှုဖြင့် မြန်​မာနိုင်​ငံ ဆန်​စက်​လုပ်​ငန်းရှင်​များအသင်း၊ မြန်​မာနိုင်​ငံ ဆန်​စပါးကုန်​သည်​များအသင်း၊ တိုင်းဒေသကြီး /ပြည်​နယ်​အသင်းခွဲများ၊ ကုန်​စည်​ဒိုင်​များနှင့် ဆန်​စပါးလုပ်​ငန်း လုပ်​ကိုင်​သူများမှ စု​ပေါင်းလှူဒါန်းသည့် ဆန်​အိတ်​(၂၂၅၀)၊ ​ငွေကျပ်​သိန်း(၂၀ဝ)နှင့် ဓာတ်​​မြေသြဇာ(၃၇၀)အိတ်​ ​ပေးအပ်​လှူဒါန်း​​ခြင်း အခမ်းအနားအား ယ​နေ့ (၁၂.၈.၂၀၁၉)ရက်​​နေ့တွင်​ မွန်​ပြည်​နယ်​အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
     အဆိုပါလှူဒါန်းပွဲသို့ အမျိုးသားသဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်ခွဲမှု​ကော်​မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂)ဦးဟင်​နရီဗန်​ထီးယူ၊ မွန်​ပြည်​နယ်​အစိုးရအဖွဲ့ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံနှင့် တာဝန်​ရှိသူများ တက်​​ရောက်​ခဲ့ကြပြီး အလှူရှင်​များကိုယ်​စား မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​ ဥက္ကဋ္ဌ ဦးရဲမင်းအောင်​၊ မြန်​မာနိုင်​ငံဆန်​စက်​လုပ်​ငန်းရှင်​များအသင်း ဥက္ကဋ္ဌ ဦး​ကျော်​ဝင်းတို့က ဦး​ဆောင်​​ပေးအပ်​လှူဒါန်းမှု ပြုခဲ့ကြပါသည်​။

Powered by Drupal