ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများ (အမှတ်စဉ်-၂) အတွက် သင်တန်းသားခေါ်ယူခြင်း

post-by: 
Admin

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာ သင်တန်းများကို စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းတွင် Fully Funded Internship Training ပုံစံဖြင့် အပတ်စဉ် (၂) ကို အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်မည် ဖြစ်ပါသည်-

(၁)       သင်တန်းအမည်

            (က) Level-1 (Certificate in Rice Processing Technology)

            (ခ) Level-2 (Higher Certificate in Rice Processing Technology)

(၂)       သင်တန်းဝင်ခွင့်

GTHS, GTI သင်ကြားတက်ရောက်ခဲ့သူများ၊ စက်မှု/ လျှပ်စစ်အင်ဂျင်နီယာပညာ သင်ကြားခဲ့သူများ၊ GTHS နှင့် AGTI ဘွဲ့ရများ၊ ဆန်စက်များနှင့် ကုန်ထုတ်စက်ရုံများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူများအား ဝင်ခွင့် အရည်အချင်း စစ်ဆေးသည့် စနစ် (Entry Interview) ဖြင့် သင်တန်းသား/ သူများကို ရွေးချယ်လက်ခံမည် ဖြစ်ပါသည်။

(၃)       သင်တန်းကာလနှင့် သင်တန်းကြေး

Certificate (LEVEL 1) အတွက် သင်တန်းကာလ (၃)လနှင့် Higher Certificate (Level 2) သင်တန်းအတွက် သင်တန်းကာလ (၄)လ ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက ဆန်စက်များတွင် အလုပ်အကိုင်ရရှိနိုင်မည့် Fully Funded Internship Training ဖြစ်ပါသည်။ သင်တန်းကြေး အခမဲ့ ဖြစ်ပြီး၊ သင်တန်းကာလတွင် နေထိုင် စားသောက် စရိတ်ငြိမ်း ဖြစ်ပါသည်။

(၄)       သင်ကြားမှုပုံစံနှင့် အသိအမှတ်ပြုလက်မှတ်

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းတွင် စာတွေ့ သင်ကြားမှု၊ ဆန်စက်များနှင့် ဆန်စပါး လုပ်ငန်းဆိုင်ရာ စက်ရုံများတွင် လက်တွေ့သင်ကြားမှုဖြင့် သင်ကြားပို့ချမည် ဖြစ်ပါသည်။ သင်တန်းအား ရုံးဖွင့်ရက်များ၊ အလုပ်ဖွင့်ရက်များတွင် ရုံးချိန်/ အလုပ်ချိန်အတွင်း သတ်မှတ်ထားသည့် သင်တန်းအချိန်များ၊ လက်တွေ့ပါဝင် လုပ်ဆောင်မှုများတွင် အချိန်ပြည့် ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းအလိုက် အသိအမှတ်ပြု Certificate နှင့် Higher Certificate တို့ကို စက်မှုနည်းပညာ လေ့ကျင့် သင်ကြားရေး သင်တန်းကျောင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ထုတ်ပေးမည် ဖြစ်ပါသည်။

(၅)       လျှောက်ထားရမည့်အစီအစဉ်

လျှောက်ထားလိုသူများသည် (၄-၅-၂၀၂၆) ရက်မှ (၂၂-၅-၂၀၂၆) ရက်အတွင်း အောက်ပါ အချက်အလက်များ နှင့်အတူ ပူးတွဲတင်ပြ လျှောက်ထားရမည်-

(က)     ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံ (လျှောက်လွှာပုံစံကို ဤနေရာတွင် Download ရယူနိုင်ပါသည်)

(ခ)       နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ နေထိုင်ကြောင်း ထောက်ခံစာ (မူရင်း)၊ သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (မူရင်း)

(ဂ)       ပညာသင်ယူမှု အထောက်အထား စာရွက်စာတမ်းများ (မိတ္တူများ)

(ဃ)     လက်ရှိ ကုမ္ပဏီ/ စက်ရုံ/ ဆန်စက်ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင်၏ ထောက်ခံစာ(မူရင်း)

စုံစမ်းရန်

သင်တန်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါအတိုင်း စုံစမ်းမေးမြန်းနိုင်ပါသည်-

(က)     စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE)

            နတ်မောက်လမ်းသွယ် - (၁) ၊ ဗိုလ်ချို-(၂) ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉၂၆၈၂၃၇၅၅၂

(ခ)       မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)

            အခန်း(၉ဝ၁-၉ဝ၃) ၊ (UMFCCI Tower) ၊ အမှတ် (၂၉) ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

            ဖုန်း-၀၁- ၂၁၈၂၆၆-၆၈၊ ၀၁ -၂၃၀၁၁၂၈-၂၉၊ ၀၉-၆၉၈၁၉၈၅၅၀

Powered by Drupal