မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဂျပန်နိုင်ငံ Sumitomo Corporation Asia & Oceania Pte.Ltd တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း

post-by: 
Admin

၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Sumitomo Corporation Asia & Oceania Pte.Ltd မှ Department General Manager, Mr.Hiroshi Yamamoto ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အစည်းအဝေးခန်းမ၌ (၂၁.၁၂.၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ကော်မတီဝင်များဖြစ်သည့် ဒေါက်တာစိုးထွန်း၊ ဦးရာဇာမျိုး၊ ဦးအောင်ကျော်ဦးနှင့်ကော်မတီဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ တက်ရောက် ဆွေးနွေးခဲ့ ကြပါသည်။
၃။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏လက်ရှိဆန်ပြည်ပတင်ပို့ရောင်းချမှုအခြေအနေများအားလည်းကောင်း၊ ရှေ့လာမည့် နှစ်များတွင် ဆန်စပါး ပိုမိုထုတ်လုပ်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် လူဦးရေးတိုးတက်မှုအရ စားသုံးမှုတိုးတက် လာနိုင်မည့်အခြေအနေများအား လည်းကောင်း၊ ဆန်စပါးတိုးထုတ်မှုကြောင့် ပိုလျှံလာမည့်အခြေအနေနှင့် ထိုသို့ပိုလျှံ လာသည့် အပေါ် Export တင်ပို့ရန် ကြိုးပမ်းနိုင်မည့်အခြေအနေများအား လည်းကောင်း၊ Export တင်ပို့ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများဖြစ်သည့် ဆန်စက်များ ဖွံ့ဖြိုးရေး၊ Export ဆိပ်ကမ်းများ အဆင်သင့်ရှိစေရေး အခြေအနေ များနှင့် value added product များ ထုတ်လုပ်နိုင်မည့်အခြေအနေများအား လည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
 

Powered by Drupal