မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ "၂၀၂၀ပြည့်နှစ် အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အစည်းအဝေး" ကျင်းပ

post-by: 
Admin
၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ "၂၀၂၀ပြည့်နှစ် အထွေထွေညီလာခံနှင့် နှစ်ပတ်လည်အစည်းအဝေး" အား ယနေ့ (၂၆.၁၂.၂၀၂၀) ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့မှ video ဖြင့် လမ်းညွှန်အမှာစကားများ မိန့်ကြားခဲ့ပါသည်။
၂။ အစည်းအဝေးသို့ ဋ္ဌာနဆိုင်ရာအကြီးအကဲများ၊ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ညီလာခံကိုယ်စားလှယ်များ၊ အသင်းဝင်ကုမ္ပဏီများနှင့် တောင်သူလယ်သမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ကြပြီး အခမ်းအနားအစီအစဥ်အရ နှစ်ပတ်လည်အစီရင်ခံစာ တင်ပြခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ ဘဏ္ဍာရေးမှတ်တမ်းတင်ပြခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်လျက် အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာသည့် ပုဂ္ဂိုလ်များနှင့် မေးမြန်းခြင်း၊ အကြံပြုခြင်း၊ ပြန်လည်ဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

 

Powered by Drupal